Sample

ကျွန်တော်တို့တွင် ဤအဖွဲ့အား ဖြစ်တည်စေခဲ့သော အကြောင်းအရာ (၃)ခု ရှိပါသည်။ ပထမတစ်ခုမှာ ယနေ့ခေတ်သည် (knowledge age) ဖြစ်သည်နှင့် အားလျော်စွာ၊ ပညာရေး သည် လူတစ်ဦး တစ်ယောက်၏ အနာဂါတ် ပုံရိပ်အား ပြောင်းလဲပေးနိုင်သော အကြောင်းအရာ တစ်ခုဖြစ်လာပါသည်။
ဆိုလိုသည်မှာ လူတစ်ယောက်အနေဖြင့် ပညာမတတ်လျှင်သူ့ဘ၀တိုးတက်ရေး အတွက် အခက်အခဲများစွာ ရှိလာမည် ဖြစ်သည်။သို့ဖြစ်၍ အခြေအနေပေးသော်လည်း မိမိဘ၀တိုးတက်ရေး ပညာမကြိုးစားလိုသော၊ ပညာလိုချင်စိတ် မရှိသော လူငယ်များ ရှိသကဲ့သို့၊ ကြိုးစားချင်စိတ်၊ သင်ယူလိုချင်စိတ် အပြည့်အ၀ ရှိသော်လည်း မိမိတို့၏ ဘ၀အခြေအနေအရ ပညာရေး နယ်ပယ်သို့ ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်သော လူငယ်များလည်း များစွာ ရှိပေသည်။အခြေအနေပေးလျှက်သားနဲ့မှ လိုချင်စိတ် မရှိသော လူငယ်များအတွက်မူ ယင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးခြင်း ဖြစ်သော်လည်း၊ လိုချင်စိတ် ရှိသော်လည်း အခြေအနေမပေး၍ မသင်ယူနိုင်သော လူငယ်များ အတွက်မူ သူတို့၏ဘ၀တိုးတက်ရေး အတွက် များစွာနစ်နာမှု ရှိပေသည်။သို့ဖြစ်၍ ဤသို့သောလူငယ်များအား မိမိတို့တတ်နိုင်သရွှေ့ ပညာရေး အထောက်အပံ့ ပေးလိုခြင်း (သို့)သူတို့၏ အနာဂါတ်ပုံရိပ်အား ပညာရေး နယ်ပယ်မှ မိမိတို့စွမ်းနိုင်သမျှ ပုံဖေါ် ပေးလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော ပထမ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါသည်။

0 Comments: