Sample

ကျွန်တော်တို့တွင် ဤအဖွဲ့အား ဖြစ်တည်စေခဲ့သော အကြောင်းအရာ (၃)ခု ရှိပါသည်။ ပထမတစ်ခုမှာ ယနေ့ခေတ်သည် (knowledge age) ဖြစ်သည်နှင့် အားလျော်စွာ၊ ပညာရေး သည် လူတစ်ဦး တစ်ယောက်၏ အနာဂါတ် ပုံရိပ်အား ပြောင်းလဲပေးနိုင်သော အကြောင်းအရာ တစ်ခုဖြစ်လာပါသည်။
ဆိုလိုသည်မှာ လူတစ်ယောက်အနေဖြင့် ပညာမတတ်လျှင်သူ့ဘ၀တိုးတက်ရေး အတွက် အခက်အခဲများစွာ ရှိလာမည် ဖြစ်သည်။သို့ဖြစ်၍ အခြေအနေပေးသော်လည်း မိမိဘ၀တိုးတက်ရေး ပညာမကြိုးစားလိုသော၊ ပညာလိုချင်စိတ် မရှိသော လူငယ်များ ရှိသကဲ့သို့၊ ကြိုးစားချင်စိတ်၊ သင်ယူလိုချင်စိတ် အပြည့်အ၀ ရှိသော်လည်း မိမိတို့၏ ဘ၀အခြေအနေအရ ပညာရေး နယ်ပယ်သို့ ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်သော လူငယ်များလည်း များစွာ ရှိပေသည်။အခြေအနေပေးလျှက်သားနဲ့မှ လိုချင်စိတ် မရှိသော လူငယ်များအတွက်မူ ယင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးခြင်း ဖြစ်သော်လည်း၊ လိုချင်စိတ် ရှိသော်လည်း အခြေအနေမပေး၍ မသင်ယူနိုင်သော လူငယ်များ အတွက်မူ သူတို့၏ဘ၀တိုးတက်ရေး အတွက် များစွာနစ်နာမှု ရှိပေသည်။သို့ဖြစ်၍ ဤသို့သောလူငယ်များအား မိမိတို့တတ်နိုင်သရွှေ့ ပညာရေး အထောက်အပံ့ ပေးလိုခြင်း (သို့)သူတို့၏ အနာဂါတ်ပုံရိပ်အား ပညာရေး နယ်ပယ်မှ မိမိတို့စွမ်းနိုင်သမျှ ပုံဖေါ် ပေးလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော ပထမ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါသည်။

Read more...

What does mean NGE?

( NGE ) ဆိုသည်မှာ ပညာရေး နှင့်ပက်သက်၍ ပညာဒါန ပြုချင်သောလူများပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ လူတိုင်းတွင် လူမှုရေးပရဟိတ လုပ်ငန်းများနှင့် ပက်သက်၍ မိမိတို့တတ်နိုင်သမျှ၊ လုပ်ကိုင် ပေးချင်ကြသော စိတ်ဆန္ဒ အနည်းနှင့်အများ ရှိကြ ပါသည်။သို့သော် တကယ် အကောင်အထည် ဖေါ်ဖြစ်သောသူများရှိသလို အခြေအနေ မပေး၍သော်၎င်းကောင်း၊ ယင်းအခြေအနေနှင့် မဆက်စပ်မိ၍ သော်လည်းကောင်း မလုပ်ဖြစ်သော သူများလည်း ရှိပေသည်။တစ်နေ့မှာတော့ ထိုလုပ်ငန်းများနှင့် ပက်သက်၍ စိတ်ဆန္ဒရှိသော လူငယ် (၉)ယောက်သည် ပညာရေးနှင့်ပက်သက်၍ မိမိတို့တတ်နိုင်သမျှ အကူအညီပေးရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြပါသည်။ ယင်းသည်ပင်လျှင် ဤအဖွဲ့၏ နိဒါန်းကို ဖြစ်တည် စေခဲ့ပါသည်။

Read more...

ဖွဲ့စည်းခဲ့သောနေ့

ကျွန်တော်တို့သည် ဤ (group) လေးအား (4.3.07)တွင် အမြဲတမ်းအဖွဲ့ဝင် (၉) ယောက် ဖြင့်စတင် ခဲ့ပါသည်။ထိုနေ့တွင် ကျွန်တော်တို့အားလုံးသည် လူငယ်များ ဖြစ်သည့် အားလျှော်စွာ အခက်အခဲများစွာ ရှိလင့်ကစား မိမိတို့ဖြစ်ချင်သော ဆန္ဒတစ်ခုအား “လူငယ့်အားမာန်” ဖြင့် ဖြစ်အောင်ကြိုးစား လုပ်ဆောင် ကြမည်ဟု ဆုံးဖြတ် ခဲ့ကြပါသည်။

Read more...

အဖွဲ့ဝင်များ၏ရည်ရွယ်ချက်

ကျွန်တော်တို့တွင် ဤအဖွဲ့အား ဖြစ်တည်စေခဲ့သော အကြောင်းအရာ (၃)ခု ရှိပါသည်။ ပထမတစ်ခုမှာ ယနေ့ခေတ်သည် (knowledge age) ဖြစ်သည်နှင့် အားလျော်စွာ၊ ပညာရေး သည် လူတစ်ဦး တစ်ယောက်၏ အနာဂါတ် ပုံရိပ်အား ပြောင်းလဲပေးနိုင်သော အကြောင်းအရာ တစ်ခုဖြစ်လာပါသည်။ ဆိုလိုသည်မှာ လူတစ်ယောက်အနေဖြင့် ပညာမတတ်လျှင်သူ့ဘ၀တိုးတက်ရေး အတွက် အခက်အခဲများစွာ ရှိလာမည် ဖြစ်သည်။သို့ဖြစ်၍ အခြေအနေပေးသော်လည်း မိမိဘ၀တိုးတက်ရေး ပညာမကြိုးစားလိုသော၊ ပညာလိုချင်စိတ် မရှိသော လူငယ်များ ရှိသကဲ့သို့၊ ကြိုးစားချင်စိတ်၊ သင်ယူလိုချင်စိတ် အပြည့်အ၀ ရှိသော်လည်း မိမိတို့၏ ဘ၀အခြေအနေအရ ပညာရေး နယ်ပယ်သို့ ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်သော လူငယ်များလည်း များစွာ ရှိပေသည်။အခြေအနေပေးလျှက်သားနဲ့မှ လိုချင်စိတ် မရှိသော လူငယ်များအတွက်မူ ယင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးခြင်း ဖြစ်သော်လည်း၊ လိုချင်စိတ် ရှိသော်လည်း အခြေအနေမပေး၍ မသင်ယူနိုင်သော လူငယ်များ အတွက်မူ သူတို့၏ဘ၀တိုးတက်ရေး အတွက် များစွာနစ်နာမှု ရှိပေသည်။သို့ဖြစ်၍ ဤသို့သောလူငယ်များအား မိမိတို့တတ်နိုင်သရွှေ့ ပညာရေး အထောက်အပံ့ ပေးလိုခြင်း (သို့)သူတို့၏ အနာဂါတ်ပုံရိပ်အား ပညာရေး နယ်ပယ်မှ မိမိတို့စွမ်းနိုင်သမျှ ပုံဖေါ် ပေးလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော ပထမ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါသည်။ဒုတိယတစ်ခုမှာ ကျွန်တော်တို့ကြုံတွေ့နေရသော အနေအထားတစ်ခုအရ (flow of education)ပညာရေး ရေစီးကြောင်းသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲ နေပေသည်။သို့ဖြစ်၍ လူငယ်များအနေဖြင့် တိုးတက်ပြောင်းလဲလာနေသော ပညာရေး ရေစီးကြောင်း အတွင်းဝယ် လိုက်ပါ စီးမျောနိုင် ဖို့သည်လည်း အရေးကြီးသော အချက်တစ်ချက် ဖြစ်လာပေသည်။ ယင်းအချက်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် အရေးကြီးသလို၊ နိုင်ငံအတွက်လည်း အရေးပါပေသည်။မိမိတို့၏နိုင်ငံတွင် တိုးတက်နေသော ခေတ်နှင့်အညီ ပညာတတ်များရှိနေခြင်းသည် နိုင်ငံ့အတွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်လာခြင်းပင် ဖြစ်ပေသည်။တနည်းအားဖြင့်ဆိုလျှင် ကျွန်တော်တို့၏ ဒုတိယရည်ရွယ်ချက်သည် မိမိတို့နိုင်ငံ၏ အကျိုးအား ထောင့်တစ်ထောင့်၊တစ်နေရာ၊ရာမှ အုတ်တစ်ချပ်၊သဲတစ်ပွင့် အင်အားရှိသမျှ ဆောင်ရွှက်ပေးလိုခြင်း လည်း မည်ပေသည်။ထို့ကြောင့် အနာဂါတ်၏မျိုးဆက်သစ်များအား တိုးတက်ပြောင်းလဲလာနေသော ပညာရေး ရေစီးကြောင်းအတွင်းဝယ် လိုက်ပါစီးမျောနိုင်စေရန်အတွက် မိမိတို့ကြုံတွေ့ခဲ့ရသော အခြေအနေများ၊အခက်အခဲများနှင့် ယှဉ်၍ အတွေ့အကြုံများအား လက်ဆင့်ကမ်းမျှဝေလိုခြင်း၊ တဖန် ထိုအကြောင်းအရာ အတွက် လိုအပ်သော စာအုပ်စာတမ်း၊ သင်ထောက်ကူပစ္စည်းများ ဖန်တီးပေးလိုခြင်းသည် ကျွန်တော်တို့၏ ဒုတိယမြောက် တူညီသော စိတ်ခံစားမှု ဖြစ်ပါသည်။တတိယအချက်မှာ ကျွန်တော်တို့၏ (life) နှင့်ပက်သတ်သော သဘောထားနှင့် ခံစားမှု (attiude & emotion) ဖြစ်ပါသည်။ကျွန်တော်တို့တွင် (life) နှင့်ပက်သတ်၍ ပက်သတ်၍ သိထားသော အကြောင်းအရာတစ်ခု ရှိပါသည်။ယင်းမှာ လူများသည် မိမိတို့၏ (life)ကိုကျင်လည်ရာတွင် အကြောင်းအရာနှစ်ခုကို မူတည်၍ ကျင်လည်ကြပါသည်။ ယင်းအကြောင်းအရာ နှစ်ခုမှာ (dead of something) နှင့် (dead of nothing) တို့ဖြစ်ပါသည်။ ယင်းတို့အား မရှင်းပြခင်တွင် ၊ ထိုအကြောင်းအရာနှင့် ပက်သက်၍ ကျွန်တော်တို့ကြည့်သော (view) (သို့) ကျွန်တော်တို့တိုင်းသော ပေတံကို အရင်ပြောလို ပါသည်။ ကျွန်တော်တို့သည် ထိုအကြောင်းအရာနှစ်ခုအား “လူများသည် မိမိတို့၏ (surrounding) နှင့် ပက်သက်၍ မည်မျှ အလုပ်လုပ်ပေးခဲ့သည်၊ အကျိုးပြုခဲ့သည်” ဆိုသော (view)မှကြည့်၍ ဆွေးနွေးခြင်းဖြစ်ပါသည်။ အကယ်၍ လူတစ်ယောက်သည် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းပေါ်တွင် ကောင်းရာကောင်းကျိုးအတွက် တစုံတခုမျှ အကျိုးမပြုနိုင်ပဲ (သို့)လုပ်ဆောင်မပေးနိုင်ပဲ ဘ၀ကို ကျင်လည်၍ ကုန်ဆုံးစေခြင်းသည် (dead of nothing) ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ဘ၀အား အချည်းနှီး၊ အကျိုးမဲ့စွာဖြင့် ကုန်ဆုံးစေခြင်း ဖြစ်ပါသည်။သို့သော် လူတစ်ယောက်သည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပေါ်တွင် ကောင်းရာကောင်းကျိုး အတွက် မိမိတတ်နိုင်သော ရှုထောင့်မှနေ၍ တစ်စုံတစ်ခုအားပြုလုပ်ပေးခြင်း၊ အကျိုးပြုခြင်းအားဖြင့် ဘ၀အား ကုန်ဆုံးစေခြင်းသည် (dead of something) ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ဘ၀ကို အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေခြင်း ဖြစ်ပါသည်။ကျွန်တော်တို့သည် ဤနည်းလမ်း(၂)ခုတွင် မည်သည့်နည်းလမ်းမျိုးဖြင့် ဘ၀အားကုန်ဆုံးစေပါမည်နည်း? ယင်းသည် ဘ၀နှင့်ပက်သက်၍ ကျွန်တော်တို့အတွက် လိုအပ် သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် မိမိတို့တတ်စွမ်းသမျှ တစ်စုံတစ်ခု အကျိုးပြုခြင်း အားဖြင့် ဘ၀ကို အဓိပ္ပါယ်ရှိစွာဖြင့် ကျင်လည်လိုပြီး၊ ထူးခြား၍မွန်မြတ်သော မှတ်တိုင်များအား ဘ၀တွင် စိုက်ထူလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော တတိယမြောက် ဆုံဆည်းမှု ဖြစ်ပါသည်။

Read more...

အဖွဲ့၏ရည်ရွယ်ချက်

ကျွန်တော်တို့သည် အဖွဲ့အား လူအနည်းငယ်ဖြင့် စတင်ခဲ့သည် မှန်သော်လည်း၊ ကျွန်တော်တို့တွင် ထိုအဖွဲ့အတွက် လေးနက်သော ရည်ရွယ်ချက်နှင့် ကြီးမားသော မျှော်လင့်ချက်တို့ ရှိခဲ့ပါသည်။ ပွင့်လင်းစွာပြောရလျှင် ကျွန်တော်တို့အားလုံး (အဖွဲ့ဝင်များ)သည် ပစ္စည်းဥစ္စာကြွယ်ဝသောလူများ မဟုတ်သလို၊ အချိန်ပိုနေကြသော လူများလည်း မဟုတ်ကြပါ။ အားလုံးသည် ကိုယ့်ဘ၀အတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရုန်းကန်နေရသော အခြေခံ လူတန်းစား များသာဖြစ်ကြပါသည်။ သို့ဖြစ်၍ ဤအဖွဲ့အား အပျော်သဘောဖြင့် မဟုတ်သလို၊ (hero)လုပ်ချင်၍ (သို့)လူသိများလို၍ လုပ်ခြင်းလည်း မဟုတ်ပါ။ ကျွန်တော်တို့အားလုံးသည် အထက်တွင် ကျွန်တော် ပြောခဲ့သော ရည်ရွယ်ချက် (၃)ခုကြောင့်သာ မိမိတို့၏ ချွေးနည်းစာများမှ လုပ်အားခများဖြင့်၊ တဖန် မိမိတို့၏ ရုန်းကန်နေရသော အချိန်များမှ မိမိတို့တတ်နိုင် သလောက် အချိန်များ ပေးကာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တိကျသော စည်းမျည်း၊ စည်းကမ်းများဖြင့် ကျွန်တော်တို့ ရည်ရွယ်ထားသော လုပ်ငန်းများကို အဖြစ်သဘောမျိုးမဟုတ်ပဲ၊ ထိရောက်အောင် လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ တကယ်ပညာလိုချင်စိတ်ရှိပြီး၊ အမှန်တကယ်နွမ်းပါးသော ညီငယ်၊ညီမငယ်များကိုသာ ရွှေးချယ်၍ အထောက်အပံ့ပေးသွားမည် ဖြစ်ပါသည်။ ထိုသို့ အထောက်အပံ့ပေးရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ထိရောက်စွာ အကူအညီ ပေးသွားနိုင်ရန် ကျွန်တော်တို့အနေဖြင့် ရည်ရွယ်ထားရှိပါသည်။ ထို့အပြင့် အဖွဲ့အားလည်း ကျွန်တော်တို့ မရှိတော့သည့်တိုင် အစဉ်တည်တံ့နေသော ပညာရေး အထောက်အကူပြု လူမှုရေးပရဟိတ အဖွဲ့တစ်ခုအဖြစ် တည်ရှိ နေစေရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

Read more...

အဖွဲ့မှ ရည်ရွယ်ထားသော ပညာရေးထောက်ပံ့မှု အစီအစဉ်များ

ကျွန်တော်တို့အနေဖြင့် ပညာရေး ထောက်ပံ့မှုအနေဖြင့် အောက်ပါ အစီအစဉ်များအား လုပ်ဆောင်သွားရန် ရည်ရွယ်ထားရှိပါသည်။

၁။ တစ်နှစ်တာကျောင်းအပ်ပေးခြင်း။
၂။ လစဉ်လိုအပ်သော ကျောင်းသုံးပစ္စည်းများဝယ်ပေးခြင်း။
၃။ သင်ထောက်ကူပြု စာအုပ်စာတမ်းများ ( ဘာသာလိုက်အထူးထုတ်များ )
၎။ လစဉ်ကျုရှင်စရိတ်ထောက်ပံ့ပေးခြင်း။
၅။ နောက်ပိုင်း အဖွဲ့ပိုမိုတောင့်တင်းလာလျှင် အခမဲ့ကျုရှင်များဖွင့်လှစ်၍ ပညာဒါနပြုလုပ် ပေးခြင်း။
၆။ ကျောင်းများတွင် အဖွဲ့နာမည်ဖြင့် ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊
၇။ တကယ်ထူးချွန်သော ကျောင်းသားများအား အဖွဲ့မှ ပညာရည်ချွန်ဆုများချီးမြှင့်ပေးခြင်း။
အစရှိသောလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက်။ ။အမှတ်စဉ် (၅၊၆၊၇)တို့သည် အဖွဲ့တောင့်တင်း လာသောအခါမှသာ လုပ်ဆောင် ပေးသွားနိုင်မည့် အစီအစဉ်များ ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်တို့ အနေဖြင့် အဖွဲ့ဝင် အသစ်များနှင့် အလှူရှင်များအား လှိုက်လှဲစွာဖြင့် ဖိတ်ခေါ်အပ် ပါသည်။

Read more...

ပညာရေးထောက်ပံ့မှုပေးမည့် ကျောင်းသားများအား ရွှေးချယ်မှုနှင့်လုပ်ဆောင်ပေးမည့် အစီအစဉ်။

ကျွန်တော်တို့အနေဖြင့် ပထမဦးစွာ အဖွဲ့ဝင်အားလုံး၏သဘောတူညီမှုဖြင့် အလယ်တန်းကျောင်းတစ်ကျောင်း (သို့)အထက်တန်းကျောင်းတစ်ကျောင်းအား ရွှေးချယ်၍ ထိုကျောင်းမှ မိဘဆရာအသင်းနှင့် ဆွေးနွေးကာ အမှန်တကယ်နွမ်းပါး၍ ကျောင်းစရိတ်မတတ်နိုင်သော ကျောင်းသားများအား ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ထိုသို့ ထောက်ပံ့ရာတွင် အကြောင်းအရာ(၃)ခုအား ရည်ရွယ်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ပထမတစ်ခုအနေဖြင့် ကျွန်တော်တို့ရွေးချယ်ထားသော ကျောင်းသားများအား အမှန်တကယ်ပညာလိုချင်စိတ်ဖြင့် ကြိုးစားသွားရန် ရှင်းပြပေးခြင်း၊ဒုတိယအနေဖြင့် ကျောင်းအုပ်ကြီးအစီအစဉ်ဖြင့် ကျောင်း၏ အကြီးဆုံးအတန်းနှစ်ခုမှ ကျောင်းသားများနှင့်၊ မိဘများအား ဖိတ်ခေါ်၍ ကျွန်တော်တို့အဖွဲ့အားမိတ်ဆက်ခြင်း၊ တတိယအနေဖြင့် အလှူရှင်များကို ဖိတ်ခေါ်ခြင်း တို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့နောက်ကျွန်တော်တို့တတ်နိုင်သရွှေ့ အခြားကျောင်းများသို့လည်း ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အကြောင်းကြား၍ ကျွန်တော်တို့အဖွဲ့အားမိတ်ဆက်ကာ မိဘဆရာအသင်းနှင့် သက်ဆိုင်ရာ ( ရ.ယ.က ) တို့၏ ထောက်ခံချက်ဖြင့် နွမ်းပါးသော ကျောင်းသားများအား ရွေးချယ်ထောက်ပံ့သွားမည် ဖြစ်ပါသည်။ထို့သို့ ပြုလုပ်၍ အဖွဲ့အား လူသိများလာသော အချိန်တွင် တစ်နိုင်ငံလုံးသို့ လျှောက်လွှာများဖိတ်ခေါ်၍ ကျောင်းသားများအား တိုးချဲ့ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

Read more...

ကျောင်းသားများနှင့် ပက်သက်၍ အဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်းများ

ကျွန်တော်တို့အနေဖြင့် (scholarship) ပေးမည့် ကျောင်းသားနှင့် ပက်သက်၍ အောက်ပါ စည်းမျဉ်း စည်းကမ်း များအားသတ်မှတ်ထားရှိပါသည်။

၁။ ကျောင်းသားတစ်ဦးအား စာသင်နှစ် တစ်နှစ်စာသာ ထောက်ပံ့ပေးသွားမည်။

၂။ ထိုကျောင်းသားသည် ထောက်ပံ့မှုအား အကျိုးမရှိစေလျှင်၊ (သို့) အချည်းနှီးဖြစ်စေလျှင် ထောက်ပံ့မှု အားချက်ချင်း ရပ်ဆိုင်း၍ အခြားကျောင်းသားတစ်ဦးအား အစား ထိုးရွေးချယ်သွားမည်။

၃။ (scholarship) ပေးထားသောကျောင်းသားသည် စာသင်နှစ် တစ်နှစ်အား အကျိုးရှိစွာဖြင့် လုပ်ဆောင်၍ နောက်နှစ်တွင်လည်း သူ့အနေဖြင့် ကျောင်းစရိတ်မတတ်နိုင်ခဲ့လျှင်၊ ယင်းကျောင်းသားအား နောက်တစ်နှစ် ဆက်လက်ထောက်ပံ့ပေးသွားမည်။


၎။ (scholarship) ပေးထားသော ကျောင်းသား များအား လစဉ် ထောက်ပံ့ကြေးများအား သက်ဆိုင်ရာကျောင်း၏ မိဘဆရာအသင်း (သို့) ကျွန်တော်တို့အဖွဲ့မှ ထိန်းသိမ်း၍ လစဉ် ပုံမှန် ထောက်ပံ့ ပေးသွားမည်။


၅။ (scholarship) ပေးထားသော ကျောင်းသားများ၏ အခြေအနေအား သက်ဆိုင်ရာ ကျောင်းများ၏ မိဘဆရာအသင်းများနှင့် ဆွေးနွေး၍ (၃) လတစ်ခါ စစ်ဆေး ကြည့်ရှုသွားမည် ဖြစ်ပါသည်။

Read more...

အဖွဲ့၏လက်ရှိလုပ်ဆောင်ချက်

ကျွန်တော်တို့သည် ယခုလက်ရှိ အချိန်တွင် အဖွဲ့အတွက် လိုအပ်သော အရာများ ကိုသာ ၀ိုင်းဝန်း တိုင်ပင်၍ ပြင်ဆင် နေဆဲ ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်တို့သည် လက်ရှိအချိန်တွင် နိုင်ငံခြားတွင် ရောက်ရှိ နေသည့်အတွက်၊ ကျွန်တော်တို့၏ စာသင်ကြားမှု ပြီးဆုံး၍ မြန်မာပြည်သို့ပြန်ရောက် လာသောအခါ တွင်မှသာ စတင်၍ အကောင်အထည် ဖေါ်မည်ဖြစ်ပါသည်။ ယခုအချိန်တွင်မူ လစဉ်ပုံမှန် (fund) ငွေစုခြင်းနှင့်၊ အခြား လိုအပ်သော အရာများကိုသာ ၀ိုင်းဝန်းဆွေးနွေး၍လုပ်ဆောင်နေပါသည်။

Read more...

အဖွဲ့ဝင်ဖိတ်ခေါ်ခြင်း

အဖွဲ့ဝင် ဖိတ်ခေါ်ရာတွင် နှစ်မျိုးခွဲ၍ ဖိတ်ခေါ်ပါသည်။ ပထမတစ်ခုမှာ အမြဲတမ်း အဖွဲ့ဝင် ဖြစ်ပြီး၊ ဒုတိယ တစ်ခုမှာ ပုံမှန်အဖွဲ့ဝင် ဖြစ်ပါသည်။ အမြဲတမ်း အဖွဲ့ဝင်ဆိုသည်မှာ သတ်မှတ်ထားသော အဖွဲ့၏ ရန်ပုံငွေအား လစဉ်ပုံမှန် ထည့်ဝင်ပြီး၊ အဖွဲ့ လုပ်ငန်း အားလုံးတို့တွင် မိမိ တတ်နိုင်သရွှေ့ လုပ်ကိုင်ပေးခြင်း (သို့) အကြံဥာဏ်ပေးခြင်း စသော လုပ်ငန်းများကို လုပ်ကိုင်ပေးသော အဖွဲ့ဝင် ကိုဆိုလိုပါသည်။ ပုံမှန်အဖွဲ့ဝင် ဆိုသည်မှာ အဖွဲ့၏ရန်ပုံငွေအား ပုံမှန်မထည့်ဝင်ပဲ၊ မိမိတတ်နိုင် သောအခါတွင်မှသာ မိမိဆန္ဒ ရှိသလောက်အား ထည့်ဝင်မည်ဖြစ်ပြီး၊ အဖွဲ့၏ လုပ်ငန်းများနှင့် ပက်သက်၍လည်း မိမိ တတ်နိုင်သော အချိန်တွင် ကူညီလုပ်ကိုင် ပေးမည် ဖြစ်ပါသည်။ကျွန်တော်တို့ အနေဖြင့် ယင်းကဲ့သို့ အဖွဲ့ဝင်အား နှစ်မျိုးခွဲ၍ ဖိတ်ခေါ်ရခြင်းမှာ အကြောင်းရှိပါသည်။ အဖွဲ့နှင့်ပက်သက်၍ ငွေကြေးအားဖြင့် ဖြစ်စေ၊ လူအားဖြင့် ဖြစ်စေ ပုံမှန် အကူအညီပေးနိုင်သော လူများရှိသကဲ့သို့၊ အခြေအနေ အကြောင်း၊ ကြောင်းအရ ဆန္ဒရှိသော်လည်း မလုပ်နိုင်သော လူများလည်း ရှိမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ငွေကြေး အားဖြင့် ဖြစ်စေ၊လူအား ဖြင့်ဖြစ်စေ ပုံမှန် လုပ်ပေးနိုင်သော လူများအား အမြဲတမ်း အဖွဲ့ဝင် အနေဖြင့် ဖိတ်ခေါ်ရခြင်း ဖြစ်ပြီး၊ မိမိ တတ်နိုင်သမျှအား မိမိတတ်နိုင်သော အချိန်တွင် လုပ်ကိုင် ပေးချင်သော လူများအား ပုံမှန်အဖွဲ့ဝင် အနေဖြင့် ဖိတ်ခေါ်ရခြင်း ဖြစ်ပါသည်။
သို့သော် အမြဲတမ်းအဖွဲ့ဝင်ဖြစ်စေ၊ ပုံမှန်အဖွဲ့ဝင်ဖြစ်စေ ကျွန်တော် တို့အားလုံးသည် “မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် မွန်မြတ်သောအလုပ်တစ်ခုအား လုပ်ကိုင်ပေးလိုသည်” ဟူသော တူညီသော ခေါင်းစဉ်တစ်ခု အောက်တွင်သာ ရှိကြသော လူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ ကျွန်တော်တို့ အနေဖြင့် အားလုံးကို လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါသည်။အဓိက ရည်ရွယ်ချက်မှာ ချို့တဲ့သော ညီငယ်၊ ညီမငယ် များအား မိမိတို့ တတ်စွမ်း နိုင်သလောက် အကူအညီ ပေးလိုခြင်းသာ ဖြစ်ပါသည်။

မှတ်ချက်။ ။ လက်ရှိ အချိန်တွင် အဖွဲ့၏ရန်ပုံငွေအား တစ်လလျှင် တစ်သောင်းသာ သတ်မှတ် ထားရှိပါသည်။

Read more...

အလှူရှင်များဖိတ်ခေါ်ခြင်း

အလှူရှင်များအနေဖြင့် မိမိတို့ဖြစ်စေချင်သော ဆန္ဒများအား အဖွဲ့နှင့်ဆွေးနွေး၍ စိတ်တိုင်းကျ လှူဒါန်းနိုင်ပါသည်။

Read more...

အလှူရှင်များနှင့် ပက်သက်၍ လုပ်ဆောင်ပေးသွားမည့် အစီအစဉ်

ကျွန်တော်တို့ အနေဖြင့် အလှူရှင်များ၏ လှူဒါန်းမှု အားလုံးတို့အား စာရင်းဇယားဖြင့် သေချာစွာ ထိန်းသိမ်း ထားရှိ၍ မှတ်တမ်း မှတ်ရာများနှင့် ၊ အဖွဲ့၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာတို့အား သက်ဆိုင်ရာ အလှူရှင်များ ထံသို့ ရောက်ရှိအောင် စနစ်တကျ ပို့ဆောင် ပေးသွားမည် ဖြစ်ပါသည်။သို့မှသာ အလှူရှင်များ အနေဖြင့်လည်း မိမိတို့ပြုလုပ်လိုက်သော အကြောင်းအရာများ မည်ကဲ့သို့ အကျိုး သက်ရောက်မှု ရှိသွားသည်ကို သိရှိနိုင်မည် ဖြစ်ပါသည်။ ထိုအကြောင်းအရာ များအား အဖွဲ့၏ နှစ်စဉ်ရှင်းတမ်း များတွင်လည်း ထည့်သွင်း ဖေါ်ပြသွားမည် ဖြစ်ပါသည်။

Read more...

ဖိတ်ခေါ်ခြင်း

အသစ်ပါဝင်လိုသော အဖွဲ့ဝင်များနှင့် အလှူရှင်များအနေဖြင့် ယခု ကျွန်တော်တို့ ပြောပြခဲ့ သော အချက်အလက်နှင့် ပက်သက်၍ ဆွေးနွေးလိုလျှင်ပဲ ဖြစ်စေ၊ အကြံဥာဏ် ပေးလိုလျှင်ပဲ ဖြစ်စေ အောက်ပါ မေး(လ်) လိပ်စာများအား ဆက်သွယ် နိုင်ပါသည်။

Read more...