ကျောင်းသားများနှင့် ပက်သက်၍ အဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်းများ

ကျွန်တော်တို့အနေဖြင့် (scholarship) ပေးမည့် ကျောင်းသားနှင့် ပက်သက်၍ အောက်ပါ စည်းမျဉ်း စည်းကမ်း များအားသတ်မှတ်ထားရှိပါသည်။

၁။ ကျောင်းသားတစ်ဦးအား စာသင်နှစ် တစ်နှစ်စာသာ ထောက်ပံ့ပေးသွားမည်။

၂။ ထိုကျောင်းသားသည် ထောက်ပံ့မှုအား အကျိုးမရှိစေလျှင်၊ (သို့) အချည်းနှီးဖြစ်စေလျှင် ထောက်ပံ့မှု အားချက်ချင်း ရပ်ဆိုင်း၍ အခြားကျောင်းသားတစ်ဦးအား အစား ထိုးရွေးချယ်သွားမည်။

၃။ (scholarship) ပေးထားသောကျောင်းသားသည် စာသင်နှစ် တစ်နှစ်အား အကျိုးရှိစွာဖြင့် လုပ်ဆောင်၍ နောက်နှစ်တွင်လည်း သူ့အနေဖြင့် ကျောင်းစရိတ်မတတ်နိုင်ခဲ့လျှင်၊ ယင်းကျောင်းသားအား နောက်တစ်နှစ် ဆက်လက်ထောက်ပံ့ပေးသွားမည်။


၎။ (scholarship) ပေးထားသော ကျောင်းသား များအား လစဉ် ထောက်ပံ့ကြေးများအား သက်ဆိုင်ရာကျောင်း၏ မိဘဆရာအသင်း (သို့) ကျွန်တော်တို့အဖွဲ့မှ ထိန်းသိမ်း၍ လစဉ် ပုံမှန် ထောက်ပံ့ ပေးသွားမည်။


၅။ (scholarship) ပေးထားသော ကျောင်းသားများ၏ အခြေအနေအား သက်ဆိုင်ရာ ကျောင်းများ၏ မိဘဆရာအသင်းများနှင့် ဆွေးနွေး၍ (၃) လတစ်ခါ စစ်ဆေး ကြည့်ရှုသွားမည် ဖြစ်ပါသည်။

0 Comments: