ပညာရေးထောက်ပံ့မှုပေးမည့် ကျောင်းသားများအား ရွှေးချယ်မှုနှင့်လုပ်ဆောင်ပေးမည့် အစီအစဉ်။

ကျွန်တော်တို့အနေဖြင့် ပထမဦးစွာ အဖွဲ့ဝင်အားလုံး၏သဘောတူညီမှုဖြင့် အလယ်တန်းကျောင်းတစ်ကျောင်း (သို့)အထက်တန်းကျောင်းတစ်ကျောင်းအား ရွှေးချယ်၍ ထိုကျောင်းမှ မိဘဆရာအသင်းနှင့် ဆွေးနွေးကာ အမှန်တကယ်နွမ်းပါး၍ ကျောင်းစရိတ်မတတ်နိုင်သော ကျောင်းသားများအား ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ထိုသို့ ထောက်ပံ့ရာတွင် အကြောင်းအရာ(၃)ခုအား ရည်ရွယ်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ပထမတစ်ခုအနေဖြင့် ကျွန်တော်တို့ရွေးချယ်ထားသော ကျောင်းသားများအား အမှန်တကယ်ပညာလိုချင်စိတ်ဖြင့် ကြိုးစားသွားရန် ရှင်းပြပေးခြင်း၊ဒုတိယအနေဖြင့် ကျောင်းအုပ်ကြီးအစီအစဉ်ဖြင့် ကျောင်း၏ အကြီးဆုံးအတန်းနှစ်ခုမှ ကျောင်းသားများနှင့်၊ မိဘများအား ဖိတ်ခေါ်၍ ကျွန်တော်တို့အဖွဲ့အားမိတ်ဆက်ခြင်း၊ တတိယအနေဖြင့် အလှူရှင်များကို ဖိတ်ခေါ်ခြင်း တို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့နောက်ကျွန်တော်တို့တတ်နိုင်သရွှေ့ အခြားကျောင်းများသို့လည်း ဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အကြောင်းကြား၍ ကျွန်တော်တို့အဖွဲ့အားမိတ်ဆက်ကာ မိဘဆရာအသင်းနှင့် သက်ဆိုင်ရာ ( ရ.ယ.က ) တို့၏ ထောက်ခံချက်ဖြင့် နွမ်းပါးသော ကျောင်းသားများအား ရွေးချယ်ထောက်ပံ့သွားမည် ဖြစ်ပါသည်။ထို့သို့ ပြုလုပ်၍ အဖွဲ့အား လူသိများလာသော အချိန်တွင် တစ်နိုင်ငံလုံးသို့ လျှောက်လွှာများဖိတ်ခေါ်၍ ကျောင်းသားများအား တိုးချဲ့ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

0 Comments: