အဖွဲ့ဝင်များ၏ရည်ရွယ်ချက်

ကျွန်တော်တို့တွင် ဤအဖွဲ့အား ဖြစ်တည်စေခဲ့သော အကြောင်းအရာ (၃)ခု ရှိပါသည်။ ပထမတစ်ခုမှာ ယနေ့ခေတ်သည် (knowledge age) ဖြစ်သည်နှင့် အားလျော်စွာ၊ ပညာရေး သည် လူတစ်ဦး တစ်ယောက်၏ အနာဂါတ် ပုံရိပ်အား ပြောင်းလဲပေးနိုင်သော အကြောင်းအရာ တစ်ခုဖြစ်လာပါသည်။ ဆိုလိုသည်မှာ လူတစ်ယောက်အနေဖြင့် ပညာမတတ်လျှင်သူ့ဘ၀တိုးတက်ရေး အတွက် အခက်အခဲများစွာ ရှိလာမည် ဖြစ်သည်။သို့ဖြစ်၍ အခြေအနေပေးသော်လည်း မိမိဘ၀တိုးတက်ရေး ပညာမကြိုးစားလိုသော၊ ပညာလိုချင်စိတ် မရှိသော လူငယ်များ ရှိသကဲ့သို့၊ ကြိုးစားချင်စိတ်၊ သင်ယူလိုချင်စိတ် အပြည့်အ၀ ရှိသော်လည်း မိမိတို့၏ ဘ၀အခြေအနေအရ ပညာရေး နယ်ပယ်သို့ ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်သော လူငယ်များလည်း များစွာ ရှိပေသည်။အခြေအနေပေးလျှက်သားနဲ့မှ လိုချင်စိတ် မရှိသော လူငယ်များအတွက်မူ ယင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးခြင်း ဖြစ်သော်လည်း၊ လိုချင်စိတ် ရှိသော်လည်း အခြေအနေမပေး၍ မသင်ယူနိုင်သော လူငယ်များ အတွက်မူ သူတို့၏ဘ၀တိုးတက်ရေး အတွက် များစွာနစ်နာမှု ရှိပေသည်။သို့ဖြစ်၍ ဤသို့သောလူငယ်များအား မိမိတို့တတ်နိုင်သရွှေ့ ပညာရေး အထောက်အပံ့ ပေးလိုခြင်း (သို့)သူတို့၏ အနာဂါတ်ပုံရိပ်အား ပညာရေး နယ်ပယ်မှ မိမိတို့စွမ်းနိုင်သမျှ ပုံဖေါ် ပေးလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော ပထမ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါသည်။ဒုတိယတစ်ခုမှာ ကျွန်တော်တို့ကြုံတွေ့နေရသော အနေအထားတစ်ခုအရ (flow of education)ပညာရေး ရေစီးကြောင်းသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲ နေပေသည်။သို့ဖြစ်၍ လူငယ်များအနေဖြင့် တိုးတက်ပြောင်းလဲလာနေသော ပညာရေး ရေစီးကြောင်း အတွင်းဝယ် လိုက်ပါ စီးမျောနိုင် ဖို့သည်လည်း အရေးကြီးသော အချက်တစ်ချက် ဖြစ်လာပေသည်။ ယင်းအချက်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် အရေးကြီးသလို၊ နိုင်ငံအတွက်လည်း အရေးပါပေသည်။မိမိတို့၏နိုင်ငံတွင် တိုးတက်နေသော ခေတ်နှင့်အညီ ပညာတတ်များရှိနေခြင်းသည် နိုင်ငံ့အတွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်လာခြင်းပင် ဖြစ်ပေသည်။တနည်းအားဖြင့်ဆိုလျှင် ကျွန်တော်တို့၏ ဒုတိယရည်ရွယ်ချက်သည် မိမိတို့နိုင်ငံ၏ အကျိုးအား ထောင့်တစ်ထောင့်၊တစ်နေရာ၊ရာမှ အုတ်တစ်ချပ်၊သဲတစ်ပွင့် အင်အားရှိသမျှ ဆောင်ရွှက်ပေးလိုခြင်း လည်း မည်ပေသည်။ထို့ကြောင့် အနာဂါတ်၏မျိုးဆက်သစ်များအား တိုးတက်ပြောင်းလဲလာနေသော ပညာရေး ရေစီးကြောင်းအတွင်းဝယ် လိုက်ပါစီးမျောနိုင်စေရန်အတွက် မိမိတို့ကြုံတွေ့ခဲ့ရသော အခြေအနေများ၊အခက်အခဲများနှင့် ယှဉ်၍ အတွေ့အကြုံများအား လက်ဆင့်ကမ်းမျှဝေလိုခြင်း၊ တဖန် ထိုအကြောင်းအရာ အတွက် လိုအပ်သော စာအုပ်စာတမ်း၊ သင်ထောက်ကူပစ္စည်းများ ဖန်တီးပေးလိုခြင်းသည် ကျွန်တော်တို့၏ ဒုတိယမြောက် တူညီသော စိတ်ခံစားမှု ဖြစ်ပါသည်။တတိယအချက်မှာ ကျွန်တော်တို့၏ (life) နှင့်ပက်သတ်သော သဘောထားနှင့် ခံစားမှု (attiude & emotion) ဖြစ်ပါသည်။ကျွန်တော်တို့တွင် (life) နှင့်ပက်သတ်၍ ပက်သတ်၍ သိထားသော အကြောင်းအရာတစ်ခု ရှိပါသည်။ယင်းမှာ လူများသည် မိမိတို့၏ (life)ကိုကျင်လည်ရာတွင် အကြောင်းအရာနှစ်ခုကို မူတည်၍ ကျင်လည်ကြပါသည်။ ယင်းအကြောင်းအရာ နှစ်ခုမှာ (dead of something) နှင့် (dead of nothing) တို့ဖြစ်ပါသည်။ ယင်းတို့အား မရှင်းပြခင်တွင် ၊ ထိုအကြောင်းအရာနှင့် ပက်သက်၍ ကျွန်တော်တို့ကြည့်သော (view) (သို့) ကျွန်တော်တို့တိုင်းသော ပေတံကို အရင်ပြောလို ပါသည်။ ကျွန်တော်တို့သည် ထိုအကြောင်းအရာနှစ်ခုအား “လူများသည် မိမိတို့၏ (surrounding) နှင့် ပက်သက်၍ မည်မျှ အလုပ်လုပ်ပေးခဲ့သည်၊ အကျိုးပြုခဲ့သည်” ဆိုသော (view)မှကြည့်၍ ဆွေးနွေးခြင်းဖြစ်ပါသည်။ အကယ်၍ လူတစ်ယောက်သည် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းပေါ်တွင် ကောင်းရာကောင်းကျိုးအတွက် တစုံတခုမျှ အကျိုးမပြုနိုင်ပဲ (သို့)လုပ်ဆောင်မပေးနိုင်ပဲ ဘ၀ကို ကျင်လည်၍ ကုန်ဆုံးစေခြင်းသည် (dead of nothing) ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ဘ၀အား အချည်းနှီး၊ အကျိုးမဲ့စွာဖြင့် ကုန်ဆုံးစေခြင်း ဖြစ်ပါသည်။သို့သော် လူတစ်ယောက်သည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပေါ်တွင် ကောင်းရာကောင်းကျိုး အတွက် မိမိတတ်နိုင်သော ရှုထောင့်မှနေ၍ တစ်စုံတစ်ခုအားပြုလုပ်ပေးခြင်း၊ အကျိုးပြုခြင်းအားဖြင့် ဘ၀အား ကုန်ဆုံးစေခြင်းသည် (dead of something) ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ဘ၀ကို အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးစေခြင်း ဖြစ်ပါသည်။ကျွန်တော်တို့သည် ဤနည်းလမ်း(၂)ခုတွင် မည်သည့်နည်းလမ်းမျိုးဖြင့် ဘ၀အားကုန်ဆုံးစေပါမည်နည်း? ယင်းသည် ဘ၀နှင့်ပက်သက်၍ ကျွန်တော်တို့အတွက် လိုအပ် သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် မိမိတို့တတ်စွမ်းသမျှ တစ်စုံတစ်ခု အကျိုးပြုခြင်း အားဖြင့် ဘ၀ကို အဓိပ္ပါယ်ရှိစွာဖြင့် ကျင်လည်လိုပြီး၊ ထူးခြား၍မွန်မြတ်သော မှတ်တိုင်များအား ဘ၀တွင် စိုက်ထူလိုခြင်းသည် ကျွန်တော်တို့အားလုံး၏ တူညီသော တတိယမြောက် ဆုံဆည်းမှု ဖြစ်ပါသည်။

0 Comments: