အဖွဲ့၏ရည်ရွယ်ချက်

ကျွန်တော်တို့သည် အဖွဲ့အား လူအနည်းငယ်ဖြင့် စတင်ခဲ့သည် မှန်သော်လည်း၊ ကျွန်တော်တို့တွင် ထိုအဖွဲ့အတွက် လေးနက်သော ရည်ရွယ်ချက်နှင့် ကြီးမားသော မျှော်လင့်ချက်တို့ ရှိခဲ့ပါသည်။ ပွင့်လင်းစွာပြောရလျှင် ကျွန်တော်တို့အားလုံး (အဖွဲ့ဝင်များ)သည် ပစ္စည်းဥစ္စာကြွယ်ဝသောလူများ မဟုတ်သလို၊ အချိန်ပိုနေကြသော လူများလည်း မဟုတ်ကြပါ။ အားလုံးသည် ကိုယ့်ဘ၀အတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရုန်းကန်နေရသော အခြေခံ လူတန်းစား များသာဖြစ်ကြပါသည်။ သို့ဖြစ်၍ ဤအဖွဲ့အား အပျော်သဘောဖြင့် မဟုတ်သလို၊ (hero)လုပ်ချင်၍ (သို့)လူသိများလို၍ လုပ်ခြင်းလည်း မဟုတ်ပါ။ ကျွန်တော်တို့အားလုံးသည် အထက်တွင် ကျွန်တော် ပြောခဲ့သော ရည်ရွယ်ချက် (၃)ခုကြောင့်သာ မိမိတို့၏ ချွေးနည်းစာများမှ လုပ်အားခများဖြင့်၊ တဖန် မိမိတို့၏ ရုန်းကန်နေရသော အချိန်များမှ မိမိတို့တတ်နိုင် သလောက် အချိန်များ ပေးကာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တိကျသော စည်းမျည်း၊ စည်းကမ်းများဖြင့် ကျွန်တော်တို့ ရည်ရွယ်ထားသော လုပ်ငန်းများကို အဖြစ်သဘောမျိုးမဟုတ်ပဲ၊ ထိရောက်အောင် လုပ်ဆောင် သွားမည်ဖြစ်ပါသည်။ တကယ်ပညာလိုချင်စိတ်ရှိပြီး၊ အမှန်တကယ်နွမ်းပါးသော ညီငယ်၊ညီမငယ်များကိုသာ ရွှေးချယ်၍ အထောက်အပံ့ပေးသွားမည် ဖြစ်ပါသည်။ ထိုသို့ အထောက်အပံ့ပေးရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ထိရောက်စွာ အကူအညီ ပေးသွားနိုင်ရန် ကျွန်တော်တို့အနေဖြင့် ရည်ရွယ်ထားရှိပါသည်။ ထို့အပြင့် အဖွဲ့အားလည်း ကျွန်တော်တို့ မရှိတော့သည့်တိုင် အစဉ်တည်တံ့နေသော ပညာရေး အထောက်အကူပြု လူမှုရေးပရဟိတ အဖွဲ့တစ်ခုအဖြစ် တည်ရှိ နေစေရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

0 Comments: